တကယ်တော့ ကျွန်တော်တို့ ဂီတ၀ါသနာရှင်သူငယ်ချင်းအချို့ အနေနဲ့ ရတဲ့အချိန်လေးတစ်ချို့ကိုဖဲ့ပြီး မြေစမ်းခရမ်းပျိုး ထားတဲ့ ဒီ Notation-Blog လေးဟာ လာရောက်လည်ပတ်သူ ဂီတ၀ါသနာရှင်များ သတိထားမိ ကြမည်ဖြစ်တဲ့အတိုင်း၊ တေးသီချင်းတွေရဲ့ နုတ်စ်တွေချည်းသက်သက်အတွက်သာ ရည်ရွယ် တည်ဆောက် ထားခဲ့တာပါ။ Guitar-Blog တစ်ခုလုံးဝမဟုတ်သကဲ့သို့ အင်တာနက်စာမျက်နှာပေါ်မှာ ပြည်တွင်း/ပြည်ပ Professional/Amateur Guitar-Blog ပေါင်းများစွာ နဂိုမူလကတည်းက တည်ရှိပြီးသားဖြစ်နေလို့ ကျွန်တော်တို့ အနေနဲ့အခုအချိန်ထလုပ်လို့လည်း သူတို့လောက်ပြည့်စုံနိုင်/ကောင်း နိုင်မည် မထင်တာကြောင့် ဂစ်တာ ဘလော့ တစ်ခု လုပ်ဖို့ အစီအစဉ်မူလကတည်းကလုံးဝမရှိခဲ့တာပါ။ ဒီဝါသနာရှင် နုတ်စ်ဘလော့ရဲ့ Team Member သူငယ်ချင်းအားလုံးဟာလည်း ဂစ်တာသမားတွေမဟုတ်ကြပါဘူး။ ဂစ်တာသမား (၂)ဦးဘဲပါပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေဟာ ကီးဘုတ်သမားတွေ၊ ဒရမ်မာတွေ၊ ဘေ့စ်သမားတွေပါ။ သို့သော်လည်း ကျွန်တော်တို့ နုတ်စ်ဘလော့လေးကို စေတနာအရင်းပြုပြီး ရှိတဲ့ စုဆောင်းထားတဲ့ ဂစ်တာစာအုပ်များ ပေးပို့လှူဒါန်းသူတစ်ဦးကြောင့်သူ့စေတနာကို အသိအမှတ် ပြုဂုဏ်ပြုတဲ့အနေနဲ့ကော၊သူလှူဒါန်းလာတဲ့ Pro အဆင့် ဂစ်တာစာအုပ်တွေ ကို အပြည်ပြည်ဆိုင်ရာ နုတ်စ်တွေနဲ့ရှင်းလင်း ဖေါ်ပြထားတာကိုအကြောင်းပြုပြီး၊ နုတ်စ်များက ပြောသော တီးခတ်မှုဆိုင်ရာ နိသျည်းများဆိုတဲ့ Post လေးတစ်ခု ကိုအခန်းအမှတ်စဉ်(၃၀)မှာ Bonus section တစ်ရပ်အနေနဲ့ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။
ယခုတစ်ခါ-ဘယ်နိုင်ငံကမှန်းမသိ၊ဘယ်သူမှန်းမသိ၊ဘယ်တော့မှလည်း တွေ့ဆုံနိုင်ဖွယ်ရာ အကြောင်းမရှိသော-စေတနာတစ်ခုတည်းနဲ့ သူ့စုထားတဲ့ အနှစ်နှစ်အလလ က နုတ်စ်ပေါင်းများစွာကို သူ့ရဲ့အဖိုးတန် အချိန်တွေကိုဖဲ့ပြီး လာရောက်လှူဒါန်းသလို အချိန်ပိုင်းလုပ်အားဝင်ပေးသွားတဲ့-ကူညီသွားခဲ့တဲ့ အင်မတန် လေးစားဖွယ်ရာကောင်းတဲ့ သူ့ကိုယ်သူ ကိုစတိဗ် လို့အမည်တပ်ထားတဲ့ လေထဲက ဂီတသူငယ်ချင်း ဂစ်တာသမား တစ်ယောက်ကို ကျေးဇူးတင်ယုံနဲ့တင်မလုံလောက်-လက်ဆောင်လည်းပေးလို့မရတာနဲ့။ သူ့ကိုလည်း အမှတ်တယ ဂုဏ်ပြုပေးရာရောက်အောင်၊ ကျေးဇူးလေးတစ်ဖဲ့လည်းဆပ်ခွင့်ရအောင်၊ ဘယ်ဂစ်တာဘလော့ကမှ ဖေါ်ပြခြင်းမရှိသေးတဲ့ ဒီ ဂစ်တာအက်ဖက်များကိုချိန်ညှိခြင်း ဆိုတဲ့ အခန်း သစ်လေးတစ်ခုကို Special Bonus Section တစ်ခုအနေနဲ့ ထပ်မံဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား....။
ဂစ်တာကို မြေလျှိုးမိုးပျံအဆင့်တီးတတ်ပါတယ်-နုတ်စ်တွေကိုလည်း ပြောင်းပြန်ရေးထားတောင်ဖတ်နိုင်ပါတယ်။ ဆိုပေမဲ့ အလက်ထရစ်ဂစ်တာတွေနဲ့ တီးတော့မယ်ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက်လို့မရတော့ပါ ဘူး။ အဲဒီတော့မှ အက်ဖက်မချိန်တတ်လို့ အသံကြောင်ကြီးတွေထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့် ဂစ်တာအက်ဖက်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင်ချိန် တတ်ဖို့က ဆောလစ်ဂစ်တာတွေကိုင်ကြတဲ့ သူငယ်ချင်းတွေအားလုံးသိကြမှာပါခင်ဗျာ။ ဂစ်တာသမား တစ်ဦးချင်း အလိုက် အက်ဖက်ချိန်တဲ့ဆက်တင်တွေ ကိုယ်ပိုင်ဟန်အသီးသီးရှိကြတယ်ဆိုပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာသမားတွေဟာ မူရင်းသီချင်းနုတ်စ်စာရွက်ကြီးကိုကိုင်ထားပြီး မူရင်း ဂစ်တာသမားက အဲဒီ့သီချင်းအတွက်ချိန်ထားတဲ့ ဂစ်တာအက်ဖက်ဆက်တင်အတိုင်း အနီးစပ်ဆုံးလိုက်မချိန်နိုင်ရင်- သူများသီချင်း တော့ ယူတီးသေးတယ်။ မှီလည်းမမှီဘူးဆိုပြီးဝိုင်းကဲ့ရဲ့လေ့ရှိပါတယ်။ ဒါကြောင့် ဂစ်တာအက်ဖက်ချိန်တာဟာ အရမ်းအရေးကြီးပါတယ်။
နိဒါန်းရှည်လို့မကောင်းတော့ပါဘူး။ လိုရင်းသွားပါတော့မယ်။ ဂစ်တာအက်ဖက်မှာ မူလတုံးက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ဒစ်ဂျစ်တယ်စနစ်တွေထွန်း ကားလာတော့ ပို Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor တွေပေါ်လာပါတယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဂစ်တာအက်ဖက်လောက မှာ နံမည်ကြီးတာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့ Boss တံဆိပ် ဂစ်တာအက်ဖက်တွေပါ။
နောက်ပိုင်းမှာ Zoom ဂစ်တာအက်ဖက်နဲ့။ Digtec တံဆိပ် ဂစ်တာအက်ဖက်တွေလည်းလူသုံးများ လာကြပါတယ်။ နံမည်ကျော် ဂစ်တာကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လဲ ဂစ်တာကုမ္ပဏီကြီးများကလည်း သူတို့ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal တွေထုတ်လာကြပြန်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်က တီးဝိုင်းကြီးတွေရဲ့ ဂစ်တာပရိုတွေဟာလည်း Boss Single Effects တွေကို အရင် ဦးဆုံးနဲ့အတော်ကြာသုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ Multi-Guitar Effects တွေကိုပြောင်းသုံးလာကြပါတယ်။
ကိုဇော်မျိုးထွဋ် ( Medium Wave ) တို့ ၊ ကိုနိုင်ဇော် ( Lazy Club )၊တို့ ကိုကျော်မင်း ( Evening Star ) ကတော့ live show တွေတီးလာကြရာမှာ Zoom တံဆိပ် Multi-Guitar Effects တွေ ကိုသုံးလာတာ သတိထားမိပါတယ်။ Lady Rock-Show မှာ တော့ ကိုနိုင်ဇော်ဟာ Boss ME-50 Multi-Guitar Effects Processor ကို သုံးသွားတာ ကြည့်လိုက်ရပါတယ်။
Single Guitar Effect Padel တွေဘဲဖြစ်ဖြစ် Multi Guitar Effects Processor တွေဘဲဖြစ်ဖြစ် ချိန်ပြီဟေ့ ဆိုရင်တော့ knob တွေကို Manually လိုက်လှည့်ပြီး ချိန်ရပါတယ်။ Single Effect ကတော့ knob တစ်ခုကိုချိန် ပြီး အသေထားလို့မဖြစ်ပြန်ပါဘူး။ နောက်တမျိုးပြန်ချိန်ရင် ပြန်လှည့်/ပြန်ထားပါဘဲ။ Multi Effect တွေက တော့ ပိုကောင်းလာပါပြီ။ ကိုယ်ကြိုက်တဲ့အသံတစ်ခုအတွက်ဆက်တင်တစ်ခုချိန်ပြီးတာနဲ့ Bank ထဲမှာ Save လုပ်ထားလို့ရပါတယ်။ ဆက်တင်တွေအများကြီးကို တစ်ခုချင်းစိတ်ကြိုက်လိုက်ချိန်ထားပြီးတော့မှ စင်ပေါ်မှာ တီးရင် Bank နံပါတ်တွေကိုဘဲ Foot-Switch လေးနဲ့ လိုက်ပြောင်းပြီးတီးလိုက်ယုံပါဘဲ။ ပိုအဆင်ပြေသွားပါပြီ။
Boss က ၂၀၀၈ခုနှစ်ထဲမှာ နောက်ဆုံးထွက်သွားခဲ့တဲ့ GT-10 ဆိုရင် ဒစ်ဂျစ်တယ်စနစ်/ကွန်ပြူတာစနစ်လုံးဝ ဖြစ်သွားသကဲ့သို့ဘဲ knob တွေအများကြီးပါမလာတော့ပါဘူး။ ကွန်ပြူတာက စက်ဝယ်ကတည်းက မူရင်းအော်တို ကွန်ပြူတာက ချိန်ပေးထားတဲ့ ဆက်တင်ချည်း (၂၀၀)ကျော်ပါလာလို့ မိမိကအထူးချိန်နေစရာမလိုဘဲ အဲဒီ့ အမျိုးအစား (၂၀၀)ထဲက ဘဲ ကြိုက်နှစ်သက်ရာ ကို ရွေးတီးလိုက်ယုံပါဘဲ။ အဲဒီ(၂၀၀)ထဲက အတိုးအကျယ်နဲနဲ ထပ်ပြင်ချိန်ပြီး Bank ထဲမှာ ကိုယ့်စိတ်ကြိုက် ဆက်တင်နောက် ထပ် (၂၀၀)ထပ်ထည့်လို့ရပါသေးတယ်။ ME-50 မှာတောင် Bank ထဲမှာဆယ်ဂဏန်းလောက်ဘဲ Save လုပ်လို့ရသလို၊ ကွန်ပြူတာက အဖြစ်လောက် နဲနဲလေးချိန်ပေးထားတဲ့ ဆက်တင်တွေကလည်းအကောင်းစားတွေမဟုတ်ပါဘူး။ GT-10 မှာ ကက်တလောက် ထဲမှာကို ချိန်ထားတဲ့ အက်ဖက်ဆင်တင်တွေရဲ့ အမည်တွေကိုပါ ဖေါ်ပြပေးထားပါတယ်။ မကောင်းတဲ့အချက်တစ်ခုကတော့ နောက်ဆုံးထုတ် GT-10 မှာ ကွန်ပြူတာက ဒစ်ဂျစ်တယ်စနစ်နဲ့ အော်တို ချိန်ထည့်ပေးထားတဲ့ အက်ဖက်ဆင်တင် ၂၀၀ လုံးက ကောင်းနေတော့ Manual knob တွေနဲ့ ကိုယ်ပိုင်ဆက်တင်တွေ မချိန်ဖြစ်ရာကနေ ကြာလာတော့ ဂစ်တာအက်ဖက် ချိန်ညှိတဲ့ စွမ်းရည်လျော့ပါးသွားစေတတ်ခြင်းပါဘဲ။

ှSingle Guitar Effects တွေနဲ့ ဂစ်တာအက်ဖက်စစ်စတမ် တစ်ခုရဲ့ ပုံကိုအောက်ပါအတိုင်းနမူနာတင်ပြအပ် ပါတယ်။ တွေ့မြင်ရတဲ့အတိုင်းဘဲ Chain တစ်ခုထဲမှာ Distortion , Chorus, Compressor, Preamp, Reverb, Delay, Equalizer, Noise Supressor စသည်ဖြင့် Single Guitar Effect Padel တွေကို Wah Wah တို့ Volume တို့လို Expression Pedal တွေနဲ့ ကြားခံဆက်သွယ်ပေးထားပါတယ်။ တစ်ချို့တွေကျတော့ ဟောလို ဂစ်တာ မကိုင်ချင်လို့ Acoustic Simulator တို့လို ဆင်ဂယ် ဂစ်တာအက်ဖက်မျိုး တွေနဲ့လည်း ထည့်တွဲထား လိုက်ပါသေးတယ်။
Multi-Guitar Effects Processor ကို ကိုင်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေသွားပါပြီ။ ရှိသမျှ Single Effects တွေရဲ့ အသံတွေအားလုံးကိုထည့်ပေးထားသလို Expression Padel ကိုတော့ တစ်ခုဘဲ ထားလိုက်ပါတော့ တယ်။ တစ်ခုထဲမှာဘဲ ဖိနင်းပြီး Wah Wah တွေ ရွေးတီးမယ်။ Wah Wah ဖြုတ်လိုက်ရင်ဘဲ Volume ဖြစ်နေပါပြီ။ဒီသဘောပါ။

ကောင်းမွန် ချိုသာတဲ့ ဂစ်တာကာလာ တစ်မျိုးရဖို့ ဂစ်တာအက်ဖက်ရဲ့ knob တွေကိုနာရီလက်တံတွေလို တစ်ခု ချင်းလိုက်ချိန်လိုက် နားထောင်လိုက်လုပ်ယုံနဲ့ မရသေးပြန်ပါခင်ဗျာ။ Guitar Amp က Tone, Volume , Level စတဲ့ knob ပေါင်းများစွာကိုလည်းလိုအပ်သလို လိုက်ကလိရပြန်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးဘူးခင်ဗျ။ ကိုယ်ကိုင်ထားတဲ့ ဆောလစ်ဂစ်တာ မှာပါလာတဲ့ Tone, Volume knob တွေအပြင် Pick-Up Selector နဲ့လဲ သီချင်းအလိုက်လိုသလို လိုက်ရွေးပြီး ဦးဏှောက်စားရပြန်ပါသေးတယ်။ ဂျိုးစထရာနီတို့ကိုင်တဲ့ Ibanez Solid Guitar မှာ Double Coiled-Hamburging Pickup ၂ ခုသာပါတယ် ဆိုပေမဲ့။ ကိုစတိဗေကြီးတို့ ၊ ပေါလ်ဂီဘတ်တို့ကိုင်တဲ့ Ibanez တွေကျတော့ Double Coiled-Hamburging Pickup ၂ ခုကြားမှာ Single Coiled Pick-up တစ်ဘားထပ်ထည့်ထားလိုက်လို့ လိုအပ်တဲ့အသံရဖို့ Selector နဲ့ (၅)ချက်တောင် ရွေးနေရပါတယ်။
ကိုယ့်စိတ်ကြိုက် အသံကာလာတစ်ခုအတွက် အက်ဖက်ဆက်တင်တစ်ခုချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ်။ ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခုအကြား အသံအတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန်ထားရပါသေးတယ်။
ဒါကြောင့်ဂစ်တာအက်ဖက်ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။

ပထမဦးဆုံး Boss ကုမ္ပဏီကဘဲ သူထုတ်လိုက်တဲ့ Boss Single Guitar Effect Padel တွေကို စတင် သုံးစွဲတဲ့ဂစ်တာသမားတွေ ဦးဏှောက်စားမှာစိုးလို့ အကောင်းဆုံး အပြင်း/အပျော့ ဂစ်တာအက်ဖက် ဆက်တင်တွေကို Manual Handbook စာအုပ်လေးထုတ်ပေးခဲ့ပါတယ်။ တော်တော်လေး ကောင်းပါတယ်။ ဒီစာအုပ်ထဲမှာ သူ့ Sigle Effect တစ်ခုချင်းကို ဘယ်လိုချိန်ရမယ်။ ချိန်ပြီးရင် တွဲဖက်မဲ့ Guitar Amp က Nob တွေကိုလည်းဘယ်လိုအနေအထားမှာ လိုက်ထားပေးရမယ်ဆိုတာကို အသေးစိတ်လေး ဖေါ်ပြ ပေးထားလို့ တော်တော်လေးကောင်းပါတယ်။ ဒီစာအုပ်ဟာ Boss Single Guitar Effect Pedal အတွက်သက်သက်သာဖြစ်ပြီး Boss Multi-Effects Processor တွေအတွက်တော့ သီးသန့်ဖေါ်ပြထုတ်ဝေခြင်း မပြုတော့ပါဘူး။ Multi-Effects Processor ဆိုတာကလည်း Single effects သံတွေကို Computer Board တစ်ခုတည်းမှာ စုထည့်ထားတယ် ဆိုကတည်းက ဒီစာအုပ်လိုက်ဖတ်ပြီး Multi-Effects Processor ကိုလည်း လိုက်ကစားလိုက်ယုံဘဲလို့ မျှော်လင့်ထားတယ်ထင်ပါတယ်။
အထက်ဖေါ်ပြပါ ဂစ်တာအက်ဖက်ဆက်တင်တွေကို Manual Handbook စာအုပ်လေး ကို အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။ ထုံးစံအတိုင်း မူပိုင်ခွင့် စိုးရိမ်မိလို့ စကားဝှက်ထည့်ထားပြီး၊ စကားဝှက်ကတော့ Steve ဖြစ်ပါတယ်။ ဒီနုတ်စ်ဘလော့ရဲ့ Guest of Honour ဖြစ်သူ ကိုစတိဗ် ကို ရည်ရွယ်ပါတယ်။

ဆက်လက်ပြီးတော့ ကမ္ဘာကျော်ဂစ်တာသမားတစ်ဦးချင်းအလိုက် သိရှိထားတဲ့ ဂစ်တာ အက်ဖက် ဆက်တင်လေးအချို့ ကိုတင်ပြလိုက်ချင်ပါတယ်။
ကို Steve Vai ကြီးချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင် ကောက်ကြောင်း
ပထဦးဆုံးကတော့ ကျွန်တော်တို့ရဲ့လေထဲက သူငယ်ချင်း မြန်မာကိုစတိဗ်ကြိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂစ်တာသမား ကို Steve Vai ကြီးရဲ့ ဂစ်တာ Effect Setting Sample လေးတစ်ခုပါ။
ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေကိုအသုံးပြုတဲ့အခါ မှာ မူလအစက Single Guitar Effect တွေကိုဘဲ တစ်စိုက်မတ်မတ်အသုံးပြုခဲ့တာပါ။ နောက်ပိုင်းမှာ Single Effects တွေနဲ့အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲလာခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေအများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလိုကို ဒီမှာ ကြည့်နိုင်ပါတယ်။
ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက်အချို့နဲ့ Expression Pedal တွေနဲ့သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။
ကို Steve Vai ကြီးကြိုက်သော Boss DS-1 Distortion Single Guitar Effect Pedal
ကို Steve Vai ကြီးနဲ့ သူ့ Guitar Effects Network
နောက်ပိုင်းမှာ ကို Steve Vai ကြီးဟာ Ibanez ဂစ်တာကုမ္ပဏီကြီးနဲ့ သူ့ရဲ့ ရိုက်စားအစီအစဉ်ကြီးမှာ JEM ဂစ်တာတွေသာမကတော့ဘဲ Steve Vai မူပိုင် Distortion Pedal ဆိုပြီး ထုတ်လုပ်လာပြန်ပါတယ်။ ပြီးတော့ အခြား Single Effects Pedal တွေ နဲ့ ပူးတွဲအသုံးပြုရာမှာ သူရဲ့ မူပိုင် Ibanez Distortion Pedal မှာ သူရဲ့ Personal ဆက်တင် ကို အောက် ပါအတိုင်းဖေါ်ပြပေးလိုက်ပါတယ်။ အဲဒီ့ Distortion Effect မှာ ပုံမှာပြထားတဲ့အတိုင်းဘဲ Green Channel နဲ့ Red Channel ဆိုပြီး ၂ မျိုးပါပြီး။ အဲဒီ့ချန်နယ် ၂ ခု မှာ ကို Steve Vai ကြီး ချိန်ထားတာကို နာရီနဲ့ဖေါ်ပြထားတာကိုရှုစားလေ့လာပါ။ ကို Steve Vai ကြီးဟာ Level ကိုအမြဲ တမ်း ၁၃း၀၀ နာရီမှာထားလေ့ရှိတာကိုလေ့လာမှတ်သားမိပါတယ်။
Herman Li ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင်
နောက်တစ်ခုကတော့ ကမ္ဘာကျော်ဂစ်တာသမားတစ်ဦးဖြစ်တဲ့ အင်္ဂလိပ် DragonFocre တီးဝိုင်းရဲ့ လိဒ်ဂစ်တာရစ်ဇ် Herman Li ရဲ့ဂစ်တာအက်ဖက်ချိန်တဲ့ ဆက်တင်လေးတစ်ခုပါ၊
Li ဟာ သူ့မူပိုင် ဂစ်တာအက်ဖက်ဆက်တင် မှာ Reverb ကိုအမြဲသတ်ထားလေ့ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေတို့လို မချိုထားဘဲ တော်တော်လေးတင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။
Li ဟာ သူ့မူပိုင် ဂစ်တာအက်ဖက်ဆက်တင် မှာ Reverb ကိုအမြဲသတ်ထားလေ့ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေတို့လို မချိုထားဘဲ တော်တော်လေးတင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။
Roland Boss ME-50 မယ်လ်တီဂစ်တာအက်ဖက်၏ စံပြဆက်တင်များ
နောက်ဆုံးတင်ပြလိုက်ချင်တာကတော့.. Lazy Club က ကိုနိုင်ဇော် Lady Rock Live Show မှာ တီးခဲ့တဲ့ Boss ME-50 Multi-Guitar Effects Settings များ စုဆောင်းတင်ပြချက်ပါ။
Band တစ်ခုချင်းအလိုက်၊ နံမည်ကျော် သီချင်းတစ်ပုဒ်ချင်းအလိုက် Boss ME-50 Multi-Guitar Effects ကို ချိန်ထားတဲ့ အဖိုးတန် Setting တွေကို စုဆောင်း ဖေါ်ပြထားတာပါ။ ရှားရှားပါးပါးလေးရရှိထားတာပါ။ အောက်ဖေါ်ပြပါ Boss ME-50 Multi-Guitar Effects Processor ဓါတ်ပုံ ကို Click လုပ်ပြီး ဂစ်တာအက်ဖက် Setting Chart ကို Download ရယူနိုင်ပါတယ် ခင်ဗျာ။
..........နှင့်....တို့ ချိန်ညှိသော ဂစ်တာအက်ဖက်ဆက်တင်များ (မကြာမီ..တင်မည်...မျှော်ပါနော် )
အထက်ပါအတိုင်း ဂစ်တာအက်ဖက်များကိုချိန်ညှိခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ လေ့လာစုဆောင်းတင်ပြချက် များဟာ ခပ်ပါးပါးလေးမျှသာဖြစ်ပါတယ်။ ၀ါသနာတူသူငယ်ချင်းများအနေနဲ့က ဒါလေးအချို့ကိုလေ့လာမှီငြမ်း ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ဂစ်တာအက်ဖက်ဆက်တင်များကို စိတ်ကြိုက်ချိန်တွယ်ပြီး၊ ဂစ်တာသံကာလာလှလှလေးတွေကို ဖန်တီးဖေါ်ကျူးနိုင်ကြပါစေ လို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား။
ဂီတ၀ါသနာတူသူငယ်ချင်းများရဲ့
ဤ ဂစ်တာအက်ဖက်ချိန်ညှိခြင်း အမှတ်တယ Post လေးနဲ့ ဒီနုတ်စ်ဘလော့လေးအပေါ် သံယောဇဉ်ကြီးသော -အများကြီးပေးဆပ်ခဲ့သော ဘယ်ကမှန်း/ဘယ်သူမှန်း လည်း မသိသော ကျွန်တော်တို့ရဲ့လေထဲက သူငယ်ချင်းဝါသနာရှင် မြန်မာလူမျိုး ဂစ်တာသမား ကို Steve ကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကို စတိဗ်ခင်ဗျား.. ဖတ်ပြီးရင် ကော်မန့်လေးများလည်းပေးသွားနိုင်ပါတယ်နော်။ ခင်ဗျားအတွက် ကျွန်တော်တို့ရဲ့ပေးဆပ်တုံ့ပြန်မှုသေးသေးလေးတစ်ခုပါခင်ဗျာ။
ReplyDeleteကိုစတိဗ် ကို အစဉ်အမြဲလေးစားကျေးဇူးတင်လျှက်ရှိသော...
Blogging Team
ဖတ်ပြီး နေတောင်မနေတတ်ဘူးဗျာ ... ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာပါတယ် ...
ReplyDeleteဘလော့မှာ လာရောက်လည်ပတ်၊ နုတ်တွေရယူလေ့လာတဲ့ မြန်မာတွေထဲက Funtwo လို၊ Sungha Jung လို မြန်မာလေးတွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ကျွန်တော်အချိန်ကုန်လူပန်းခံရကျိုးနပ်ပါတယ် လို့ ...
ako steve nae myanmar note site pai shin myarr kha byar
ReplyDeletenyi ka effect ma buy ng tayy loe nyi computer layy hmar Amplitube Metal software layy htae htarr par tal but setting ma chein tat tog kya nor guiter ka htwat tae voice ka ma hla woo phyit nay loe par speaker ka tog yoe2 computer speker lay pal use par tal ta kal loe ako toe help ng mal so yin kyay zuu pyu pee lann hnyon payy loe ya ma lar ti woo..... pee tog nyi ka Zoom ka htote tae G2 effect ko buy phoe money su nay loe par ta lat sa htal eld G2 effect lay yae setting lay ko par pyaw pya payy ng ma lar ma ti woo kha byar....kyay zuu myarr kyee tin par tal
ကိုအကြီးကောင်ရဲ့ ဘားဂလိပ်ကိုလိုက်ဖတ်ရတာ မောလိုက်တာဗျာ..။
ReplyDeleteမြန်မာလိုမရိုက်နိုင်ရင် အ၈င်္လိပ်လိုရိုက်ပေးရင်တော့ကောင်းမယ်။
အက်ဖက်ဝယ်ရင် Multi Guitar Effects ဘဲ ၀ယ်တာ ပို Economy ဖြစ်တယ်ဗျ။ Digtec တို့ ZOOM တို့ထဲမှာ ဒေါ်လာ ၁၅၀ လောက်ပတ်ဝန်းကျင် မယ်လ်တီအက်ဖက်လေးတွေရှိပါတယ်ဗျာ။ Rock တွေတီးတဲ့ Distortion ပါမယ်။ Acoustic သံပါမယ်ဗျာ။ Wah Wah ပါမယ်ဗျာ။ အတော်လေးပြည့်စုံနေပါပြီ။ ဒေါ်လာ 100 နဲ့ 200 ကြားဘဲရှိတယ် Multi Guitar Effects လေးတွေကို ဒီမှာ တစ်စုတစ်စည်းထဲကြည့်လိုက်ဗျာ..
http://guitars.musiciansfriend.com/navigation/guitar-multi-effects?N=100001+338523+8
ီDigtec ကို 99 ဒေါ်လာနဲ့တောင်ရနိုင်သေးတယ်။
ဒီမှာ ဒေါ်လာ 50 နဲ့ 100 ကြားမှာဘဲရှိတဲ့ မယ်လ်တီ၈စ်တာအက်ဖက်လေးတွေ။
http://guitars.musiciansfriend.com/navigation/guitar-multi-effects?N=100001+338523+7
ကိုအကြီးကောင်..ကွန်ပြူတာနဲ့ချိတ်ပြီးဆော့ဝဲနဲ့တီးတာကိုသိပ်တော့အားမပေး ချင်ဘူးဗျာ။ ကိုစတိဗ်တို့တော့တီးလိုက် သွင်းလိုက်လုပ်နေတာသိပါတယ်။
ကိုယ်က စင်ပေါ်အထိတက်မယ်လို့ ရည်မှန်းချက်ရှိရင် လက်တွေ့ မယ်လ်တီးအက်ဖက်လေးတွေကိုသာဝယ်သုံးပါ။ ဈေးမရှိပါဘူး။ မိဘတွေကလဲ မဟုတ်တာသာအားမပေးတာပါ။ ဒါလေးလောက်တော့ခွင့်ပြုပါလိမ့်မယ် ကိုအကြီးကောင်ရေ....
ဟုတ်ကဲ့ ခုလိုလမ်းညွန်ပေးတာကျေးဇူးပါအကို Metallica song tab လေးတွေ 100 ကျော်တော့ ရှိ တယ်အကို ဒီ site မှာ အကို တင်မယ်ဆို ရင် ညီ ပို့ ပေး လို့ ရ မယ် နော်
ReplyDeleteပို့သာပို့၊လှူသာလှူပါ ကိုအကြီးကောင်ရေ။ ဒီ Site အီးမေးကိုပေါ့နော်။
ReplyDeleteဒါမှသူများတွေလဲရကြမှာ။ ကိုယ်ချည်းဘဲမယူဘဲ ကိုယ်ကရှိတာလေးတွေလဲ
ရှဲလှူပေးမှ သဘာဝကျမှာပေါ့။ ဒါမှသာ ကျွန်တော်တို့ ၀ါသနာရှင်နုတ်စ် ဘလော့လေးရေရှည်ရပ်တည်လို့ရမှာပေါ့ဗျာ။ များလေ။စုံလေ ကောင်းလေပါဘဲ။ စာကြည့်တိုက်ကြီးတစ်ခုလိုပေါ့။ စာအုပ်တွေလှူလာလို့စုံလေပိုကောင်းလေဘဲ။
ကိုအကြီးကောင်ဆီက Metallica Tab တွေရလာရင် အခန်း(၁၈) Heavy Metal Notations အခန်းထဲမှာ ဖြစ်ဖြစ်၊ ထည့် Update လုပ်ပေးပြီး ကိုအကြီးကောင်ကို Credit ပေးလိုက်ပါအုံး ရွာစားရေ.....
အကိုတို့ေ၇ rar file နဲ့ send လိုက်ပါပီ dl လုပ်မရ ရင် coment ချန်ခဲ့ပါ
ReplyDeleteကျွန်နော် 1 ခု ချင်း စီ ပြန် send ပေး ပါမယ်