Tuesday, September 22, 2009

(၃) စန္ဒယားဦးလှထွဋ်



ကျွန်တော်တို့ မြန်မာ ဂီတသမိုင်းထဲက ဂန္ဓ၀င် စန္ဒယား ပညာရှင်ကြီး သွားလေသူ စန္ဒယား ဦးလှထွဋ်ရဲ့ အကောင်းဆုံး သီချင်းတွေရဲ့ နုတ်သင်္ကေတတွေကို ရှားရှားပါးပါး ရှာဖွေစုဆောင်းရရှိထားတာပါ။ Numbered Notation သာမက ဘဲ အပြည်ပြည်ဆိုင်ရာသုံး International/Standard Notation ပါ ၂ မျိုးစလုံးပါပါတယ်။ဆရာကြီးဟာ Numbered Notation နဲ့သာရောင့်ရဲ တင်းတိမ်မနေဘဲ. အပြည်ပြည်ဆိုင်ရာသုံးနုတ်သင်္ကေတတွေကိုသာ
ကျွမ်းကျင်တတ်မြောက်အောင်လုပ်ကြဖို့ မြန်မာ့ဂီတပညာရှင်/၀ါသနာရှင်တွေကို အထူးအလေးထား တိုက်တွန်းခဲ့ ပါတယ်။ဒါကြောင့်မို့သူ့ သီချင်းနုတ်တွေအားလုံးကို
International Notation တွေနဲ့သာအဓိကထားရေးသား ဖေါ်ပြလေ့ရှိ ခဲ့ပါတယ်။ သူဆုံးခါနီးထိ သူ့ကီးဘုတ်ကိုကွန်ပြူတာနဲ့ဆက်ပြီး သီချင်းတီးလိုက်ရင် ကွန်ပြူတာကနေ International Notation တွေ Auto လိုက်ရေးပေးတဲ့ Software မြန်မာဗားရှင်းကိုတီထွင်နေဆဲလို့ကြားသိခဲ့ရဘူးပါတယ်။ ဆရာကြီးဆုံးသွားတော့ သူ့ Software လေးထွက်လာသံမကြားရတော့ပါဘူး။


No comments:

Post a Comment