Tuesday, September 22, 2009
ဒီ နုတ်စ် BLOG လေး ပေါ်ပေါက်လာပုံ
ကျွန်တော်တို့ဟာ ၀ါသနာအလျောက် ဂစ်တာကို တီးကြပါတယ်။ ကီးဘုတ်တွေတီးကြပါတယ်..။
ဒီ့အတွက် အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် .ရိုးရိုးသီချင်းစာအုပ် site တွေ၊ mp3 သီချင်း site တွေက ပလူပျံအောင် တွေ့ရှိခဲ့ရပေမဲ့လည်း သီချင်း နုတ်စ် တွေ တင်ထားတဲ့ site တွေ -အထူးသဖြင့် မြန်မာသီချင်း Notes တွေ တင်ထားတဲ့ blog မျိုး၊ site မျိုး တစ်ခုမှမတွေ့ရှိရပါဘူး။ နိုင်ငံခြားသီချင်း နုတ်စ်တွေ တင်ထားတဲ့ Blog-site တွေတော့ အမြောက်အများတွေ့ရှိရပါတယ်။
ဂီတပိုးမသေသေးတဲ့ သူငယ်ချင်းတွေအချင်းချင်းကြား အီးမေးတွေနဲ့နုတ်စ်တွေလိုက်တောင်းလိုက်-ရှယ်လိုက်.
ပျောက်လိုက်၊ပြန်ရှာမရလိုက်နဲ့ကြာတော့ဇာတ်လမ်းတွေရှုတ်လာပါတယ်။ နုတ်စ်တစ်ခုကို သူငယ်ချင်း ၄ ယောက်ရှိရင် ၄ ခါ လိုက် ပို့နေရတာလည်းမချောင်ဘူးဖြစ်လာပါတယ်။ တစ်ခါတစ်ရံ စပို့တဲ့သူက အဲဒီ့နုတ်စ် ပြန်လိုချင်တော့စက်ထဲပြန်ရှာမရဘူးဖြစ်ပြန်ပါသေးတယ်။
ဒီတော့ ကျွန်တော်တို့အနေနဲ့ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ တန်းဖိုးရှိရှားပါး မြန်မာသီချင်း နုတ်ကလေး တွေ ကို ဖြစ်စေ၊ အင်တာနက်မှာလိုက်မွှေ့ရာက ရလာတဲ့နုတ်ကလေးတွေဖြစ်စေ။ကိုယ်တိုင် ထုတ်ထားတာဖြစ်စေ၊ သူငယ်ချင်းတွေလက်ဆင့်ကမ်းလာတာဖြစ်စေ၊ တစ်စုတစ်စည်းနဲ့ ဘလော့ဂ်
လေး လုပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဒါမှ အလီလီအလာလာ ဒုက္ခများစရာမလိုတော့ဘဲ တစ်နေရာထဲမှာ နုတ်စ် တွေစုတင်ထားပြီး လိုချင်တဲ့သူက သွားဒေါင်း။ ကိုယ့်ဖာသာကိုယ်လဲ ကြိုက်တဲ့အချိန်ပြန်ဒေါင်းလိုက်ယုံဘဲလေ။
နောက်တော့အိုင်ဒီယာတစ်ခုဝင်လာတာက ကိုယ့်နုတ်စ်တွေ တင်ရင်း ရှယ်ယာလုပ်ရင်းသူများတွေဆီကပါ အလှူခံပြီး ပြန်တင်ပေးရင် ကိုယ်လည်းအကျိုးရှိ..သူများတွေလဲအကျိုးရှိ..ကုသိုလ်ရတယ်ဆိုတာပါဘဲ။
ဒီလိုနဲ့ ဒီ Notation BLOG လေး ကို မြန်မာဂီတ၀ါသနာတူ သူငယ်ချင်း များ စုပေါင်းပြီး စတင်မွေးဖွားလိုက်ပါပြီ။
အချို့နိုင်ငံခြားသီချင်းနုတ်တွေကိုတော့ Guitar Pro ဆော့ဖ်ဝဲယားနဲ့ဖွင့် ရတဲ့ gp4/gp5 ဖိုင် extension ဖိုင်တွေကိုဘဲတင်ထားပေးချင်ပါတယ်။ Guitar Pro ဟာ သိပ်အသုံးဝင်သလို သီချင်းတစ်ပုဒ်ကို တူရိယာ ၁၀မျိုး ပေါင်းတီးထားရင် -Track ၁၀လိုင်း တီးထားရင် Guitar Pro ဖိုင်ဟာ Pucca Notation သာမက Tab-Notation ကိုပါ Track ၁၀ ခု ကို နုတ်စာရွက် (၁၀)ရွက် Print ထုတ်နိုင်ပါတယ်။ PDF ဖိုင်အဖြစ်လည်း နုတ်စာရွက်ကို Produce လုပ် လို့၇ပါတယ်။ ဒါကြောင့် ဂစ်တာပရိုဖိုင်ရထားတဲ့ သီချင်းကိုတော့ သီခြား PDF ဖိုင်ပြန်မထုတ်ပေးတော့ဘဲ..သူ့ဖိုင်လေးအတိုင်းဘဲတင်ပါ့မယ်..။ ကိုယ့်ဖာသာကိုယ် နုတ်တွေကို Print ထုတ်ထုတ်- PDF ထုတ်ထုတ် ဆောင်ရွက်နိုင်ကြမှာပါ။
အထူးတိုက်တွန်းချင်တာကတော့ မြေစမ်းခရမ်းပျိုးပြီး အင်တာနက်ပေါ်မှာဒီ Blog လေး စဖွင့်လိုက်ခြင်းအား ဖြင့်လာလည်သူ ဂီတပညာရှင်များဟာ သူတို့စုဆောင်းထားတဲ့.. ကိုယ်တိုင်ထုတ်ထားတဲ့ နုတ်စ်ကလေးတွေကိုဒီ Blog လေးကိုဝိုင်းဝန်းလှူဒါန်းကြပြီး၊ဒီ Blog လေး နုတ်စ်တွေနဲ့စည်ကား ကြ၊ ရှယ် ကြနဲ့ အရမ်းအကျိုးရှိမယ်လို့မျှော်လင့်ထားတာပါ။ မအောင်မြင်ခဲ့ရင်တော့ လည်း ပိတ်လိုက်မယ်ပေါ့။
သီချင်းနုတ်စ်တွေ စုထားသူ၊ထုတ်ထားသူတွေရှိကြရင်..မြန်မာမိတ်ဆွေများ ကျွန်တော်တို့ Blog email လိပ်စာmyanmarnotes@gmail.com သို့ပေးပို့လှူဒါန်းပေးကြပါခင်ဗျာ။ ဒီ Blog မှာအကုန်ပြန်တင်ပေးပါ့မယ်။
ကုသိုလ်ဖြစ်ပါတယ်။သီချင်းတစ်ပုဒ်ကိုနုတ်ရေးရတာ အင်မတန်လက်ဝင်အချိန်ကုန်ပါတယ်။ ၀ိုင်းရှယ်ပေးခြင်းအားဖြင့်ဝါသနာရှင်တွေအရမ်းအဆင်ပြေကြပါတယ်။
ကူညီကြပါခင်ဗျာ။
အဓိကအားဖြင့်တော့ မြန်မာတေးသီချင်းနုတ်(စ်)တွေ စုဆောင်းတင်ဆက်ထားချင်တာပါ။ သို့သော်..နိုင်ငံခြား
သီချင်းပေါ်ပြူလာနံမည်ကြီးများ ရဲ့ နုတ်စ်အချို့ တွေ ကို လည်းတင်ချင်ပါတယ်။ တင်ပါမယ်။
ကျေးဇူးတင်စွာဖြင့်
ဝါသနာရှင် Blogging Team
Subscribe to:
Post Comments (Atom)
တစ်စိုက်မတ်မတ်နဲ့  တင်သွားမယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိပါဘူးဗျာ...
ReplyDeleteအားပေးနေပါတယ် :)
င်္Feedback ကလေး ပေးလို့ကျေးဇူးတင်ပါတယ်။
ReplyDeleteပုံမှန်တင်နိုင်ရေးက နုတ်စ်တွေလှူပေးပို့ပေးတဲ့အပေါ်မှာလည်းမူတည်နေတော့ ကာ မြန်မာဂီတပညာရှင်များအနေနဲ့ နုတ်စ်အလှူပေးပို့ရေးအတွက်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။
B.Team
Classical တွေမရှိဘူးထင်တယ်ခင်ဗျာ။အဲ့ဒါတွေကိုကျွန်ပ်အနေနဲ့ပေးပါတမယ်။းဗမာပြည်မှာclassical တီးတဲ့လူသိပ်နည်းတော့နိုင်ငံခြားဟာတွေများတယ်။ဘယ်လိုဖြစ်ဖြစ်အဲ့ဒါတွေပါတင်ပေးစေချင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။
ReplyDelete